(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

27 November 2014

ဒေါ်လာ ၂၅၀ ဖြင့်ရောင်းချမည့် Android Tablet တစ်မျိုးကို Nokia မိတ်ဆက်

11/27/2014

http://www.extremetech.com/wp-content/uploads/2011/11/nokia-windows-200-dollar-tablet2.jpg
Nokia သည် ၎င်းတို့၏ ဖုန်းလုပ်ငန်းကို Microsoft သို့ရောင်းချပြီးနောက် ပထမဆုံး အကြိမ်အဖြစ် N1 ဟု အမည်ရသည့် Android tablet တစ်လုံးကို ပြီးခဲ့သည့် ရက်သတ္တပတ်က မိတ်ဆက်ပေးခဲ့သည်။
မျက်နှာပြင် အရွယ်အစားမှာ ၇.၉ လက်မရှိသော N1 ကို တရုတ်နိုင်ငံတွင် ၁၉ ရက် ၂၀၁၅ ခုနှစ် တရုတ်နှစ် သစ်ကူး မတိုင်မီတွင် ဒေါ်လာ ၂၅၀ ဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။ အခြားနိုင်ငံများ အတွက် ရောင်းချမည့် ဈေးနှုန်းနှင့် နေ့ရက်ကို အတိအကျ မထုတ်ပြန် သေးသော်လည်း ပေါင် ၁၆၀ သို့မဟုတ် သြစတြေးလျ ဒေါ်လာ ၂၉၀ ကြား အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းဖြင့် ရောင်း ချပေးသွားမည် ဖြစ်သည်။ ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က Nokia သည် #Thinkingahead ဟုအမည်ပေးထားသည့် hashstag အောက်တွင် ကုမ္ပဏီဦးတည်ချက် အသစ်ကို လူမှုရေး မီဒီယာများပေါ်တွင် လှုံ့ဆော်ခဲ့သည်။ Nokia ၏ထုတ်ကုန် လုပ်ငန်းအကြီးအကဲ ဆီဘက်စ်ရှန်နီး စထရွန်က နည်းပညာနှင့် startup ကုမ္ပဏီများအတွက် ဟယ်ဆင်ကီမြို့တွင် ပြုလုပ်ခဲ့သော Slush 2014 ပွဲတွင် ကုမ္ပဏီ၏ ဦးတည်ချက် အသစ်ကို ထုတ်ပြန်ခဲ့သည်။ ကမ္ဘာကြီးအတွက် အခုအချိန်တိုင်အောင် အခြား tablet တစ်လုံး မလိုအပ်သေးကြောင်း၊ Android tablet ကောင်းမတွေ့ရှိ သူများအတွက် N1 သည် အသင့်တော်ဆုံး ဖြစ်ကြောင်း နီးစထရွန်က ပြောဆိုခဲသည်။

N1 သည်အထူ ၆.၉ မီလီမီတာရှိသော အလူမီနီယမ်ဘောင်ကို အသုံးပြုထားပြီး ၎င်းဘောင်ကို ငွေမင် သို့မဟုတ် ငွေရောင်ဟူ၍ ထုတ်လုပ်ထားသည်။ ၎င်းကျောဘက် ကင်မရာတွင် 8 megapixel နှင့်ရှေ့ဘက် ကင်မရာတွင် 5 megapixel တို့ကို အသုံးပြုထားကာ သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံများနှင့် app များအတွက် storage 32 GB ပါဝင်လာသည်။ ထို့အပြင် N1 တွင်နှစ်ဖက်လှည့်၍ အသုံးပြုနိုင်သော USB Type-C ပါဝင်သည့် ပထမဆုံး ထုတ်ကုန်ဖြစ်လာသည်။ N1 tablet အတွင်းဘက်တွင် Android ထုတ်ကုန်များတွင် အတွေ့ရနည်းသည့် 2.4 GHz Intel Atom quad-core ပရိုဆက်ဆာ 64bit ချစ်ပ်ကို အသုံးပြုထားသည်။

-စိုးထက်
Ref : CNET

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif