(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

07 November 2014

Easy Uninstaller App Uninstall Apk

11/07/2014
ကျနော် Apk လေးတွေကို မျှဝေတဲ့နေရာမှာ အားလုံးအတွက်
အသုံးတည့်မယ့် တကယ့်လိုအပ်မယ့် ဆော့ဝဲလေးတွေကိုပဲ
အသစ်တက်တိုင်း တင်ပေးလေ့ရှိပါတယ်...။
ဒီတစ်ခါလည်း Uninstaller လေးတစ်ခုကို အားလုံးအတွက် တင်ပေးလိုက်ပါတယ်..
ဒီဆော့ဝဲလေးကတော့ ဖုန်းထဲရှိ မိမိ အသုံးမလိုအပ်တော့တဲ့
ဆော့ဝဲတွေကို ဖျက်ချိန်တဲ့အချိန်မှာ အသုံးပြုဖို့ အကောင်းဆုံးဆော့ဝဲလေးပါ...။
ဒါများ လွယ်လွယ်လေး Setting>>>Application manager>>>ဖျက်လိုရာကို
Uninstall လုပ်လိုက် ရနေတာကိုလို့ ထင်ကောင်းထင်နိုင်ပါတယ်...။
ဒါလည်းဟုတ်ပါတယ်..ဒါပေမယ့်..
ကျနော် သတိထားမိတာလေးတစ်ခုကို ပြောချင်ပါတယ်..အဲဒါကတော့
ကွန်ပျူတာအသုံးပြုရင်းသတိထားမိတာလေးပါ..ကိုယ်မလိုအပ်တဲ့ ဆော့ဝဲကို
ဖျက်ချင်တဲ့အချိန်ဆို ပုံမှန်အတိုင်းပဲ
 Start Menu>>>Control Panel>>>Programs & Features>>>
ထဲဝင်ပြီး မလိုအပ်တာကို Uninstall လုပ်လိုက်ပေမယ့်...အားလုံးလိုလို ပျက်သွားတယ်ထင်ရတယ်..။
ဒါပေမယ့် သူ့နဲ့ သက်ဆိုင်တဲ့ Logo>>>Application crack>>>Security>>>Setup Crack>>>System Crack>>>အချို့သော Virus တွေကိုတော့ လုံးဝဥသုံ မပျက်စီးနိုင်သေးပါဘူး...။

ဒီလိုပါပဲ Platform ချင်းမတူပေမယ့် သိပ်ခြားနားမှုမရှိတဲ့ Android System မှာလည်း multiple apps တွေကို Uninstaller ကောင်းကောင်းနဲ့ မဖျက်ဘူးဆိုရင်တော့ စောနားက ကျနော်ပြောခဲ့သလို ဆော့ဝဲလေးသာ ပျက်ကောင်းပျက်သွားလိမ့်မယ် သူ့နဲပတ်သက်တဲ့ သောင်းပေါင်းများစွာသော Cache တွေကိုတော့ မပျက်ပဲ ကျန်နေရစ်မှာ မလွဲလောက်ပါဘူးခင်ဗျား...။
ဒီလိုမျိုး ပြသနာ ကို အကောင်းဆုံးဖြေရှင်း ချင်တယ်ဆိုရင်တော့ Easy Uninstaller လေးကိုသာ
ဆောင်ထားပါလို့ တိုက်တွန်းပါရစေ...။
Size 599.16 KB ရှိပါတယ်။ ဖုန်းအားလုံးမှာ အသုံးပြုနိုင်ပါတယ်။

 
 
 
 
 
 



No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif