11/19/2014
Facebook သုံးစွဲနေတဲ့ iPhone အသုံးပြုသူ ၊ Android
ဖုန်းအသုံးပြုသူများအတွက် “Groups” အမည်ရ Application သစ်ကို Facebook မှ
နိုဝင်ဘာလ ၁၉ ရက်နေ့တွင်ထပ်မံမိတ်ဆက်လိုက်သည်။
Groups Application သည် Facebook ပေါ်တွင်ရှိသော Facebook
group များကိုအမြဲဝင်ရောက်လေ့ရှိသူများ ၊ ၀င်ရောက်ဆွေးနွေးလေ့ရှိသူများ ၊
Group တည်ထောင်ထားသူများ ၊ တည်ထောင်လိုသူများအတွက်
အထူးသီးသန့်ရည်ရွယ်ထုတ်လုပ်ထားခြင်းလည်းဖြစ်သည်။
Groups Application ထဲသို့ဝင်လိုက်သည်နှင့်
မိမိဝင်ရောက်ထားသော ၊ မိမိထောင်ထားသော Facebook group
များကိုတွေ့မြင်ရမည်ဖြစ်ပြီး မူရင်း Facebook Application ထဲမှ Facebook
group
များကိုဝင်ရောက်ကြည့်ရှုရသည်နှင့်မတူဘဲ
အသွင်အပြင်သစ်ဖြင့်တွေ့မြင်သုံးစွဲရစေမည်ဖြစ်သည်။ မိမိ member ၀င်မထားသော
အခြား Group များကိုလည်း Search ကဏ္ဍမှတစ်ဆင့်ရှာဖွေနိုင်မည်ဖြစ်သလို member
အများအပြားရှိသော Facebook group များကိုဖော်ပြပေးထားသည့် Discover ဟူသော
Feature ကိုလည်းထည့်သွင်းပေးထားသည်ကိုတွေ့ရသည်။ မိမိအမြဲဝင်ရောက်နေသော
Group များကိုလည်း ဖုန်းရဲ့ Home Screen ပေါ်မှာ Shortcut icon
အနေနဲ့ထုတ်ထားလို့ရပါသေးတယ်။ ယခုမိတ်ဆက်ဖြန့်ချိလိုက်တဲ့ Groups
Application ဟာ Facebook group များကိုဝင်ရောက်ကြည့်ရှုရန် ၊ ဆွေးနွေးရန် ၊
စီမံရန် တော်တော်လေးကောင်းမွန်ထိရောက်မှုရှိတာကိုတွေ့ရပါတယ်။ iPhone နှင့်
Android ဖုန်းများအတွက် Groups Application ကိုအောက်က link
မှာရယူနိုင်ပါတယ်။


No comments:
Post a Comment
http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif