(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

27 November 2014

၂၀၁၅ တွင် စမတ်ဖုန်း မော်ဒယ်အများစု ထုတ်လုပ်မှု ရပ်ဆိုင်းရန် Samsung စီစဉ်

11/17/2014

 

Samsung သည် လာမည့်နှစ်တွင် စမတ်ဖုန်း မော်ဒယ်များစွာကို ထုတ်လုပ်မှု ရပ်ဆိုင်းသွားတော့မည် ဖြစ်ပြီး အဓိက ထုတ်ကုန်များကိုသာ အာရုံစိုက် ထုတ်လုပ်သွား တော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက် အနည်းငယ်က ထုတ်ပြန်ခဲ့သည်။
Wall Street Journal မှဖော်ပြချက်အရ Samsung ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံသူများ ဆိုင်ရာဆက်ဆံရေး အကြီးအကဲ ရောဘတ်ယီက ကုမ္ပဏီအနေဖြင့် ၂၀၁၅ ခုနှစ် လက်ရှိထုတ်လုပ်နေသော စမတ်ဖုန်း မော်ဒယ်များကို ၂၅ ရာခိုင်နှုန်းမှ  ၃၀  ရာခိုင်နှုန်းအထိ လျှော့ချသွားရန် စီစဉ်ထားကြောင်း နယူးယောက်တွင် ရင်းနှီးမြှုပ်နှံသူများကို ပြောကြားခဲ့သည်။ Samsung သည် မိုဘိုင်းလုပ်ငန်းတွင်  အကြီးမားဆုံး ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံကဲ့သို့ အဓိက ဈေးကွက်များတွင် စမတ်ဖုန်း လုပ်ငန်းများ ချိနဲ့လာခြင်းကို စောင့်ကြည့်နေလျက် ရှိသည်။ တရုတ်နိုင်ငံရှိ အဓိကပြိုင်ဘက် Xiaomi သည် စမတ်ဖုန်း တင်ပို့ရောင်းချမှု မြင့်တက်လာပြီး သုံးစွဲသူများကလည်း ငွေကုန်ကြေးကျ မများပြားဘဲ high-end ထုတ်ကုန်များကို ဝယ်ယူနိုင်ခြင်းကြောင့် စိတ်ဝင်စားမှု မြင့်တက်လာခြင်း ဖြစ်သည်။

ယခုနှစ် အောက်တိုဘာလကုန် Samsung ၏မိုဘိုင်း လုပ်ငန်းအတွင်းရှိ တတိယ သုံးလပတ် ဝင်ငွေသည် ယမန်နှစ်ကထက် ၇၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၁ ခုနှစ် နှစ်လယ်မှစ၍ ယခုဝင်ငွေသည် အနည်းပါးဆုံး ဝင်ငွေဖြစ်လာသည်။

ထို့အပြင် Samsung သည် ဈေးကွက်ရှာဖွေရေး အသုံးစရိတ်များ မြင့်တက်လာမှုများကြောင့် အကန့်အသတ်ဖြင့် သုံးစွဲနေရသည်။  တတိယ သုံးလပတ်အတွင်း ကုမ္ပဏီမှ စမတ်ဖုန်းများအတွက် ဈေးကွက်ရှာဖွေရေး စရိတ် ၇ ရာခိုင်နှုန်း အသုံးပြုထားပြီး ယမန်နှစ်ကထက် ၁၅ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း Wall Street Journal မှဖော်ပြခဲ့သည်။


-စိုးထက်
Ref : CNET
 
Internetjournal
 

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif