Mi4 ထွက်တာကတော့ ၂၀၁၄ သြဂုတ်လ ကတည်းက ဖြစ်ပါတယ်။ မြန်မာပြည် ဝင်တာကတော့ လေး၊ငါးလ လောက် ရှိတော့မယ် ထင်ပါတယ်။ အိန္ဒိယမှာကတော့ ယခုနှစ် ဇန်နဝါရီလ ကမှ စတင်ဖြန့်ချိတာပါ။ Myanmar Mobile User App အဖွဲ့သားများမှလည်း MIUI အသစ်တင်နည်းတို့က အစ တင်ပေးခဲ့ပြီးပါပြီ။ စာရေးသူ ကိုယ်တိုင်ကတော့ မနေ့တစ်နေ့ကမှ ဝယ်ဖြစ်လိုက်လို့ပါ။ သုံးရတဲ့ အတွေ့အကြုံလေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
မြန်ဆန်မှု
စဝယ်ဝယ်ချင်း အသစ်ပဲ ဖြစ်နေလို့လား၊ RAM 3GB ကြောင့်ပဲလား မသိ မြန်တာတော့ အမှန်ပါပဲ။ မြန်ဆန်တာကတော့ Memory တစ်ဝက်လောက် မဖြည့်ရသေးတဲ့ iPhone 6 တစ်လုံး ကိုင်ရသလို့ပဲ လက်ရဲ့ ထိတွေ့မှုတိုင်းကို response လုပ်တာလေးတွေ မြန်ပါတယ်။
Storage
တကယ်လို့ ဝယ်ဖြစ်မယ်ဆိုရင် 64 GB ဗားရှင်း ဝယ်ဖြစ်ဖို့ အကြံပေးချင်ပါတယ်။ စာရေးသူကတော့ အမြန်လည်းလိုနေပြီး ပြည်တွင်းမှာ ရတာကိုပဲ ယူမယ်လို့ ဆုံးဖြတ်လိုက်တော့ 16GB ပဲ ရလိုက်ပါတယ်။ Card slot မပါပါဘူး။ ဒါကြောင့်မို့ ပုံများများ ရိုက်ချင်သူ၊ App များများ အသုံးပြုချင်သူများအတွက် အခက်အခဲ ရှိပါလိ့မ်မယ်။
UI
MIUI လို့ အမည်ရတဲ့ UI က Xiaomi ရဲ့ ကိုယ်ပိုင် UI ဖြစ်ပါတယ်။ သူ့ကို အမှန်အတိုင်း ဝေဖန်ရရင် iOS ကို ယူထားတာပါ။ Xiaomi ကိုယ်တိုင်ကလည်း ပြောတယ်။ Apple ရဲ့ iPhone, iOS ကို သဘောကျလို့ လိုက်ထုတ်တာပါလို့ Mi3 စထွက်ကတည်းက ပေါ်တင် ကြေညာထားပြီးသားပါ။ ဒီတော့ ဒါနဲ့ ပက်သက်ပြီး ပြောစရာ မရှိတော့ပါဘူး။
အသွင် စတိုင်
ဘေး ဘောင်ပတ်လည်ကို ကြည့်ရင် iPhone နဲ့တောင် အနည်းငယ် တူညီပါတယ်။ ဥပမာ စပီကာ အောက်မှာထားပြီး ထည့်ထားတဲ့ ပုံစံက အစပေါ့။ SIM Card ထည့်တဲ့ slot ကလည်း iPhone လိုပဲ Pin ထိုးရပါတယ်။ အနောက်ဘက် ကျော စတိုင်ကိုတော့ မကြိုက်ပါဘူး။ ခုံးခုံးလေး ဖြစ်နေပြီး အပေါ်နဲ့ ဘေးကို မကြည့်ရသေးပဲ အောက်ကို အရင်ကြည့်လိုက်မိရင် သာမန် တရုတ်ဖုန်း တစ်ခုလေးပဲလားလို့ ထင်သွားပါလိမ့်မယ်။ ဒါပေမယ့် တစ်ကိုယ်လုံးကို ခြုံကြည့်မယ်ဆိုရင် အသွင်စတိုင်က အမှတ် တစ်ရာပေးရင် ၈၀ လောက် ရနိုင်ပါတယ်။
ကင်မရာ
ရှေ့က 8MP အနောက်က 13 MP လို့ပြောထားပါတယ်။ ကင်မရာကတော့ မဆိုးပါဘူး။ Flash လည်း အလင်းတော်တော်ထုတ်နိုင်ပါတယ်။ စာရေးသူ အနေနဲ့ကတော့ ကင်မရာ သိပ် ခေါင်းထဲထည့်သူ မဟုတ်တော့ သေချာ မစစ်ဆေးဖြစ်ရသေး ပါဘူး။
ဘက်ထရီ
ဘက်ထရီ အသုံးခံတာကို သတိထားမိလိုက်ပါတယ်။ အားသွင်းတော့လည်း မြန်ပါတယ်။ 3080 mAh ပါ။
ဈေးနှုန်း
16GB ကို မြန်မာကျပ်ငွေ ၃သိန်း၇သောင်း ဝန်းကျင်နဲ့ လက်ရှိ ရန်ကုန်မှာ ဈေးပေါက်နေပါတယ်။ 64 GB တော့ မသိပါ။ ငါးသိန်း ဝန်းကျင်လောက်မှာသာ ရှိမယ့် ဖုန်းပါ။
မှတ်ချက်
ဈေး သက်သက်သာသာနဲ့ high end စမတ်ဖုန်း ကိုင်ချင်သူများအတွက် ရွေးချယ်စရာ တစ်လုံးပါ။ ဝယ်တော့မယ်ဆိုရင် သူနဲ့ အတူ စဉ်းစားလို့ ရတာက Oppo R5 နဲ့ အခြား Vivo, One Plue တို့လည်း ရှိပါအုံးမယ်။ Mi4 ကတော့ ငါးလက်မ မျက်နှာပြင်ဖုန်း ဖြစ်ပါတယ်။ သူတို့တွေကလည်း ဈေး မတိမ်းမယိမ်းတွေ ရှိနေတာကြောင့် မိမိနဲ့ စိတ်ကြိုက်တွေ့မယ့် ဖုန်းကို ရွေးချယ်နိုင်ပါတယ်။
MIUI Update လုပ်နည်းနဲ့ မြန်မာစာ တင်နည်းသိချင်ရင် – http://goo.gl/c6LGJa တွင် ဖတ်ပါ
အောင်ခမ်း (MMAS)

No comments:
Post a Comment
http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif