(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...
Showing posts with label "စွန့်ခြင်းကြီး ငါးပါး". Show all posts
Showing posts with label "စွန့်ခြင်းကြီး ငါးပါး". Show all posts

29 September 2014

"စွန့်ခြင်းကြီး ငါးပါး"

29/92014

ဘုရားအလောင်းတော်သည် ဒါနစသော ပါရမီတရားများကို လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ဘ၀ဆက်တိုင်း ဖြည့်ကျင့်တော်မူရာ၌ အခြားတပါးသူတို့ ကြံတွေးရုံမျှ ကြက်သီးထလောက်အောင် လွန်စွာခက်ခဲသော စွန့်လွှတ်မူ အနစ်နာခံမူတို့ကို ပြုလုပ်ခဲ့ရသည်။

ထိုသို့ စွန့်လွှတ်မူ အနစ်နာခံမူများကို မြင့်မြတ်သောစိတ်ထားဖြင့် စွန့်လွှတ် ဖြည့်ကျင့်ခဲ့သဖြင့်  "ပဉ္စမဟာပရိစ္စာဂ = စွန့်ခြင်းကြီး (၅)ပါး" ဟူ၍ ဂုဏ်ပြုခေါ်ဝေါ်ခဲ့ကြသည်။ စွန့်ခြင်းကြီးငါးပါးကို စွန့်လွှတ် ကာ သူမတူအောင် ဖြည့်ကျင့်ကြိုးပမ်းခဲ့သည်မှာသဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိရေးအတွက်သာ ဖြစ်သည်။ ထိုဉာဏ်တော်မြတ်ကို ရယူလိုသည့် ရည်ရွယ်ချက်မှာလည်း သတ္တ၀ါအများကို သံသရာဝဋ်ဆင်းရဲအပေါင်းမှ
ကယ်တင်တော်မူလိုသော အာသီသဆန္ဒကြောင့်သာဖြစ်ပေသည်။ ထို့ကြောင့် ဤစွန့်လွှတ် အနစ်နာခံမူ များကိုမဟာပရိစ္စာဂ မြင့်မြတ်သောရည်ရွယ်ချက်ဖြင့် မြင့်မြတ်သောသူတို့သာ ပြုလုပ်နိုင်စွမ်းသော  မြင့်မားခက်ခဲ့သည့် စွန့်လွှတ်ခြင်းကြီးများဟု အမည်သမုတ်ခဲ့ကြပေသည်။