(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...
Showing posts with label ကုလားမတောင်ကြီး. Show all posts
Showing posts with label ကုလားမတောင်ကြီး. Show all posts

01 August 2014

ကုလားမတောင်ကြီး

  1. 8/1/2014
    ဒို့ရွာရဲ့အရှေ့ဘက်က ကုလားမတောင်တန်းကြီး
    လက်လုပ်လက်စား မျစ်ချိုးဝါးခုတ်
    သူတွေရဲ့ဝမ်းစာပေးခဲ့တဲ့တောင်
    တောင်သူလယ်သမားတွေရဲ့လိုအပ်
    ချက် ထင်း၊ဝါး၊နှီး စတာတွေအမြဲ...


    ဒါကိုရွာကရပ်မိရပ်ဖတွေကလက်မှတ်
    ထိုးပေးတယ်လေဘယ်လောက်ရလည်းတော့မသိဘူး
    တချိန်ကသူတို့တတွေလည်းဒီတောင်
    ကြီးကိုအမှီပြုစားသောက်ခဲ့တဲ့လူတွေ
    ပဲဒီရွာမှာမွေးတာမှန်ရင်ဒီတောင်က
    ကျွေးတဲ့ထမင်းတော့မလွတ်တမ်းစား.

    အုပ်အုပ်မှိုင်းမှိုင်းညို့ညို့ဆိုင်းဆိုင်းနဲ့
    ဒို့ရွာရဲ့အရှေ့ဘက်က ကုလားမတောင်တန်းကြီး
    လက်လုပ်လက်စား မျစ်ချိုးဝါးခုတ်
    သူတွေရဲ့ဝမ်းစာပေးခဲ့တဲ့တောင်
    တောင်သူလယ်သမားတွေရဲ့လိုအပ်
    ချက် ထင်း၊ဝါး၊နှီး စတာတွေအမြဲ
    ဖြည့်ဆီးပေးခဲ့တဲ့တောင်
    နွေရာသီ စိုက်ပျိုးလယ်တွေအတွက်
    လိုအပ်တဲ့ရေကိုလဲဖြည့်ဆီးပေးခဲ့
    ဒူးရင်း၊မင်းဂွတ်ခြံတွေလဲ သူ့ဆီကရေပဲသုံးစွဲခဲ့ကြတယ်လေ
    ခုတော့အဲဒီကုလားမတောင်ကြီးက အမဲသားတုံးကြီး ခွေးအုတ်
    ဝိုင်းဆွဲသလို ဝိုင်းဆွဲနေကြပြီ
    လုပ်ပိုင်ခွင့်ကြိုတင်သိသူတွေ
    လုပ်ပိုင်ခွင့် ရှိသူတွေ
    နိင်ငံရေးလုပ်စားအချောင်သမားတွေ အဖွဲ့အစည်းနာမည်နဲ့မိုက်ကြေးခွဲသူတွေ၊ ဘယ်သူသေသေ
    ငတေမာရင်ပြီးရောဆီုတဲ့ စီးပွားရေးသမား သဌေးကြီးတွေ
    တောင်ပေါ်ကိုချေတစ်လှမ်းမှမရောက်ပဲ မြေပုံပေါ်လက်ညိုးထောက်ပီး သားတစ်ကွက်၊မယားတစ်ကွက်နဲ့မြေစရင်းနဲ့လက်ဝါးရိုက်နှိင်သူတွေ...
    ကုလားမတောင်ကြီးကို
    တစ်စစီ..တစ်စစီ..
    ဖဲ့ခြွေ ဖျက်ဆီးဖို့ကြိုးစားနေကြပြီ
    တစ်ချိန်ကြ. မင်းကလွမ်းစရာဖြစ်
    တော့မှာပါလား ကုလားမတောင်ကြီးရယ်...

    ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး Like လုပ်ပေးပါအုံးနော်

    *ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏