12/28/2014
(မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျား)
မြန်မာနိုင်ငံသားမှန်ရင် အောက်က မေးခွန်းလေးကို ဖတ်ပေးပါ။- သင့်နိုင်ငံရဲ့ မိခင်ဘာသာ စကားကို လေးစား တန်ဖိုးထားပါသလား။
- နိုင်ငံတကာမှ ထုတ်လုပ်ထားသော Digital Device များတွင် မြန်မာဘာသာ ပါဝင်လိုပါသလား။
- အင်တာနက်တွင် တိကျသည့် ရှာဖွေပေးမှု့များ ရယူလိုပါသလား။
- အင်တာနက်ရှိ မည်သည့်ဘာသာဖြင့် ရေးသားထားသည့် မည်သည့် webpage မဆို မြန်မာဘာသာဖြင့် Auto translate လုပ်ပြီး အသုံးပြုလိုပါသလား။
- နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ပြီး သတင်း၊ အချက်အလက်များကို လျှင်မြန်လွယ်ကူစွာ ဖလှယ်လိုပါသလား။
- နိုင်ငံခြားသား Programmer များမှ ရေးသားထားသော Software များတွင် မြန်မာဘာသာ ပါဝင်လိုပါသလား။
- မြန်မာနိုင်ငံရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအို့ စသည့် တိုင်းရင်းသားများရဲ့ မိခင်ဘာသာတွေကို သင်လေးစားတန်ဖိုးထားသလား။ ဒီတိုင်းရင်းသားများ၏ ဘာသာကို မြန်မာစာနှင့် ရင်ဘောင်တန်းစေဖို့ရော ဆန္ဒရှိသလား။
