(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...
Showing posts with label အဘိဓာန်. Show all posts
Showing posts with label အဘိဓာန်. Show all posts

24 November 2014

အခမဲ့အသုံးပြုနိုင်မည့် အင်္ဂလိပ် - မြန်မာ အဘိဓာန် apk

11/24/2014


Android phone နဲ့ tablet များမှာ အသုံးပြုနိုင်မယ့် အင်္ဂလိပ် - မြန်မာ အဘိဓာန် (iMyanmar Dictionary) application ကို I-Myanmar Co., Ltd. က ထုတ်လုပ်ဖြန့်ချိ လိုက်ပါသည်။ အင်္ဂလိပ်စာ လေ့လာနေသူတိုင်း ဆောင်ထားသင့်တဲ့ အသုံးဝင် application တစ်ခုဖြစ်ပါသည်။ ဒီ အဘိဓာန် မှာ စာလုံးပေါင်း ၃၇၀၀၀ (သုံးသောင်း ခုနှစ်ထောင်) ကျော်ရဲ့ အဓိပ္ပါယ်များကို အလွယ်တကူ ရှာဖွေနိုင်မှာ ဖြစ်ပြီး internet connection မလိုဘဲ အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ ဒီ Application ရဲ့ ထူးခြားချက်ကတော့ size 4.40 MB သာ ရှိတာကြောင့် ဖုန်းထဲမှာ နေရာ အများကြီး မယူဘဲ မည့်သည့် ဖုန်းအမျိုးအစားမဆို လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းထဲတွင် တစ်ခါထည့်သွင်းထားရုံဖြင့် အသုံးပြုတိုင်း အင်တာနက်ဖွင့်စရာမလိုပဲ အလွယ်တကူ အသုံးပြုနိုင်တဲ့အတွက် ဖုန်းဘေများကိုလည်း အပိုမကုန်စေပါဘူး။ ကျောင်းသား ကျောင်းသူများ ၊ အင်္ဂလိပ်စာလေ့လာနေသူများအတွက် အထူးအသုံးဝင်မည့် ဖုန်းအဘိဓာန် ဖြစ်ပါသည်။ ဗားရှင်းအသစ်များတွင် စာလုံးအသစ်များကို ထပ်ထည့်ပေးမည်ဖြစ်ပြီး ဒီထက်ပိုမိုကောင်းမွန်အောင် ပြုလုပ်ဖန်တီးသွားမည်ဖြစ်ကြောင်း iMyanmar မှ ပြောကြားသွားပါသည်။