(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...
Showing posts with label Hush Application Version. Show all posts
Showing posts with label Hush Application Version. Show all posts

04 June 2015

ဘော်ဒါတွေအများကြီးရှိတဲ့ Network မှာ ပြောချင်တာ ပြောလို့ရမဲ့ Hush Application Version အသစ်

မြန်မာနိုင်ငံမှာ Social Application တွေ အမြောက်အများထွက်ရှိနေပါပြီ။ အရင်က နိုင်ငံခြားအတွက်သာ ရည်ရွယ်ထိုးဖောက်နေကြတဲ့ Social App တွေကလည်း မြန်မာနိုင်ငံကို ဦးတည်ကာ ထိုးဖောက်နေကြပြီဖြစ်ပါတယ်။ ဒါပေမဲ့ အားလုံးသော Social Application တွေအကုန်လုံးနီးပါးက ဆင်တူနေကြတာကိုလည်း မြင်တွေ့ကြရမှာပါ။ ဒါကြောင့် အများနဲ့ မတူတဲ့ Anonymous Social App ကို အသုံးပြုချင်ကြတဲ့သူများနဲ့ မြန်မာနိုင်ငံမှ လူငယ်များရဲ့တီထွင်ဖန်တီးမှုမှ အလေးထားကြတဲ့ မိတ်ဆွေတို့အတွက် Hush Social Application ကို Nex Startup Company မှ ထုတ်လုပ်ထားပါတယ်။ အခုချိန်မှာတော့ Hush Application ဟာ Version အသစ်ထွက်ရှိလာပြီဖြစ်ပါတယ်။