မင်္ဂလာပါ ဒီနေ့အတွက် 2015 ထဲမှာ အသစ်ထွက်လာတဲ့ ထိုင်းစစ်သား ဟာသကားလေးကို
တင်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးမှာ အသက် 18 ပြည့်ပြီးသူတိုင်း
မ၀င်မနေရ စစ်မှုထမ်း (၂) နှစ် တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာတဲ့
အနယ်အနယ်အရပ်ရပ်က ထိုင်းလူငယ်လေးတွေကို တွေ့ရမှာပါ။
ထိုင်းဇာတ်ကားတွေ ထုံးစံအတိုင်း သရဲဟာသ ဇာတ်ဝင်ခန်းတွေနဲ့အတူ
ထိုင်းလူငယ်သဘာဝ တွေကိုလည်း ရှုစားရမှာပါ။ ကဲ ထိုင်းစကားနားလည်တဲ့
လူတွေအတွက်ကတော့ အူတက်အောင် ရီရမယ့် ဇာတ်ကားတစ်ကားလို့ဘဲ ညွှန်းလိုက်
ပါရစေ။ မိသားစုတွေအတူတကွ ကြည့်ရှုနိုင်ပါတယ်။