မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျား)
ဖုန်းထဲမှာ mp3 သီချင်းတွေနားထောင်ဖို့ Music Visualizer လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်
သူ့စတိုင်လေးက လန်းတယ်ဗျ ပုံထဲမှာ ပြထားတဲ့ အတိုင်းပါပဲ သီချင်တွေနားထောင်တဲ့အခါ အဲ့ဒီကောင်တွေက ငြိမ်ငြိမ်မနေပဲ ဟိုရွှေ့ဒီရွှေ့နဲ့လှုပ်နေပါတယ် ပြီးတော့ ကိုယ်ကဒီပုံစံမကြိုက်ရင်လည်း တစ်ခြားပုံစံကို ပြောင်းထားလို့ရပါတယ်
ပြောင်းထားနည်းကလည်း လွယ်ပါတယ် အဲ့ဒီ လှုပ်ခတ်နေတဲ့နေရာကို လက်နဲ့ဖိထားလိုက်ပါ ပြီးရင်ရွေးစရာတွေ ပေါ်လာပါလိမ့်မယ် အဲ့ဒီမှာ မိမိကြိုက်တာ ရွေးထားလို့ရပါတယ်
ပြီးတော့ သီချင်းနောက်တစ်ပုဒ်ကို ကျော်ချင်ရင်လည်း လက်လေးနဲ့ ဟိုဖက်ရွှေ့ ဒီဖက်ရွှေ့ပြီးတော့ ကျော်လို့ရပါတယ်
ပြီးတော့ equalizer တွေကိုလည်း ထည့်လို့ရပါသေးတယ်
file size 5MB သာရှိပြီး android 2.3.3 ကစပြီး အသုံးပြုနိုင်ပါတယ်
စမ်းသုံးကြည့်လိုက်ပါ အကြိုက်တွေ့မှာပါ