(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...
Showing posts with label Newspapers & News. Show all posts
Showing posts with label Newspapers & News. Show all posts

19 November 2014

ပြည်တွင်းပြည်ပသတင်းများကိုအချိန်နှင့်တပြေးညီသိရှိနိုင်မယ့် - Newspapers & News v1.1 Apk

11/19/2014

Cover art
အခုတင်ပေးလိုက်တဲ့ Application လေးကိုတော့ သူငယ်ချင်းတို့ရဲ့ဖုန်းထဲမှာာဆောင်ထားစေချင်ပါတယ် ဗျာ။ ပြည်တွင်းပြည်ပမှဖြစ်ပျက်နေတဲ့ နယ်ပယ်အသီးသီးမှ သတင်းများအားလုံးကို အချိန်နှင့်တပြေးညီသိရှိ နိုင်မှာဖြစ်ပါတယ်ဗျာ။ မြန်မာပြည်မှနာမည်ကြီး မီဒီယာများဖြစ်တဲ့ 7Day , Eleven , Irrawaddy , Yangon Media , Mizzima , The Voice , အပြင်အခြားသော မီဒီယာအဖွဲအစည်းပေါင်းများစွာမှ ဂျာနယ်များ သတင်းများ အားလုံးကိုအခမဲ့ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်ဗျာ။ VOA , BBC အစရှိတဲ့ သတင်းများစွာကိုလည်း အသံဖြင့်သော်လည်းကောင်း ၊ ဗီဒီယိုဖြင့်သော်လည်းကောင်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ နိုင်ငံရေး လူမှုရေး စီးပွားရေး မှုခင်း နည်းပညာ အားကစား အစရှိတဲ့ နယ်ပါယ်အသီးသီးမှ သတင်းပေါင်းများစွာ ကိုအချိန်တို အတွင်းမှာသိရှိနိုင်မှာပါ။ ဖိုင်ဆိုဒ်အနေနဲ့လည်း 785KB သေးသေးလေးသာရှိတာမို့ အလွယ်တကူဒေါင်း ယူနိုင်မှာဖြစ်ပါတယ်ဗျာ။ Android OS 2.2 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကိုရေး သားဖန်တီးတဲ့ မူရင်းပညာရှင်ကိုမသိရှိလို့ Credit မပေးနိုင်တာကိုနားလည်ပေးစေချင်ပါတယ်ဗျာ။