(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...
Showing posts with label Samsung မှနောက်ထွက်မည့်ဖုန်းများကို ဒီဇိုင်းထုတ်ရန်. Show all posts
Showing posts with label Samsung မှနောက်ထွက်မည့်ဖုန်းများကို ဒီဇိုင်းထုတ်ရန်. Show all posts

22 January 2015

Samsung မှနောက်ထွက်မည့်ဖုန်းများကို ဒီဇိုင်းထုတ်ရန် Apple Designer “Jony Ive” ၏ ဒီဇိုင်းကုမ္ပဏီမှဒီဇိုင်နာကိုငှားရမ်းခဲ့

01/22/2015


(မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျား)

Samsung Galaxy S5 ၏ရောင်းအားမှာ ယခင် Samsung ဖုန်းများထက် ရောင်းအား သိသာစွာကျဆင်းခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၁၄ မေလကတည်းက Samsung သည် Design ပိုင်းဝန်ထမ်းအပြောင်းလဲများပြုလုပ်နေခဲ့ရသည်။ Samsung မှနောက်ထွက်မည့်ဖုန်းများကို ဒီဇိုင်းထုတ်ရန် Apple Designer “Jony Ive” ပါဝင်တည်ထောင်ခဲ့သည့် ဒီဇိုင်းကုမ္ပဏီတွင် Co-CEO အဖြစ်လုပ်ကိုင်ခဲ့သည့် ဒီဇိုင်နာ Lee Don-tae ကိုငှားရမ်းခဲ့ကြောင်းသိရသည်။
Lee Don-tae သည်  LG, Toyota နှင့် British Airways ကဲ့သို့သောကုမ္ပဏီများနှင့် ဒီဇိုင်းကဏ္ဍများတွင်လက်တွဲလုပ်ဆောင်ခဲ့ဖူးသည်။ ဒီဇိုင်နာအသစ် အပြောင်းအလဲတွင်  Samsung အနေဖြင့် ၄င်းတို့ရဲ့နောက်ပိုင်းထွက်ရှိလာမည့်ဖုန်းများတွင် ယခင်ထွက်ရှိခဲ့ဖူးသော ဖုန်းဒီဇိုင်းများနှင့်ကွဲပြားသည့် ဒီဇိုင်းပုံစံအသစ်များဖြင့်ထုတ်လုပ်သွားရန်ရည်ရွယ်ထားသည်။  Lee Don-tae သည် Samsung mobile product များကိုဒီဇိုင်းရေးဆွဲပေးရသော hardware design team ကိုဦးဆောင်သွားမည်ဟုသိရသည်။