(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...
Showing posts with label Samsung Galaxy Note4. Show all posts
Showing posts with label Samsung Galaxy Note4. Show all posts

27 November 2014

Samsung Galaxy Note4 ကို ဘာကြောင့် သင်ဝယ်သင့်တာလဲ

11/27/2014
နည်းပညာမြင့် စမတ်ဖုန်း တစ်လုံးဖြစ်တဲ့အတွက် ဖုန်းရဲ့ အရည်အသွေးပိုင်းနဲ့ အသုံးပြုနိုင်မှု ပုံစံတွေအပြင် ဖုန်းမှာပါဝင် ဖွဲ့စည်းတည်ဆောက်ထားတဲ့ Hardware စနစ်ပိုင်းတွေ အားလုံးဟာ ကောင်းမွန်ပြည့်စုံမှု ရှိနေတာကို မြင်တွေ့ရမှာပါ။ Finger print စနစ် ပါဝင်တဲ့အတွက် ဖုန်းလုံခြုံရေးတွေမှာ ကောင်းကောင်း အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် Multi Windows စနစ်၊ ကျန်းမာရေး ထောက်ကူပြု Sensor စနစ်ပိုင်းတွေ အပြင်ကင်မရာ စနစ်ပိုင်းတွေမှာ ကောင်းမွန်ပြည့်စုံ နေပါတယ်။ ပါဝါအသုံးပြုနှုန်းအတွက် ကောင်းမွန်တဲ့ Power Saving စနစ် ပါဝင်တဲ့အပြင် အင်တာနက် အသုံးပြုချိန်မှာ ကောင်းမွန်တဲ့ Wi-Fi ကွန်ရက်စနစ်နဲ့ ကောင်းမွန်တဲ့ မိုဘိုင်းအင်တာနက် စနစ်တွေကို အသုံးပြုနိုင်တဲ့ ပုံစံတွေလည်း ပါဝင်ပါတယ်။ ဖုန်းရဲ့ Screen ကို ထိဖို့ မလိုအပ်ဘဲနဲ့ လက်ကိုဖုန်းနဲ့ သတ်မှတ်ထားတဲ့ အကွာအဝေးမှာ ပြလိုက်ရုံနဲ့ အချက်အလက်တွေကို ဖော်ပြပေးနိုင်မယ့် Air View စနစ်တွေလည်း ပါဝင်ပါတယ်။ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ ရှေ့ကင်မရာ ပါဝင်တဲ့ အတွက်ကြောင့် Selfie စနစ်ကို အဖွဲ့လိုက် ရိုက်တဲ့နေရာမှာ ကောင်းမွန်ပါတယ်။