(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...
Showing posts with label TU(Hmawbi) Camp 2014 ကျင်းပမည်. Show all posts
Showing posts with label TU(Hmawbi) Camp 2014 ကျင်းပမည်. Show all posts

25 June 2014

TU(Hmawbi) Camp 2014 ကျင်းပမည်


6/25/2014

TU (Hmawbi) Camp 2014 ကို ဇူလိုင်လ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ် (မှော်ဘီ) ကျောင်း၌စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။   ယခု TU (Hmawbi) Camp 2014 မှာ နည်းပညာတက္ကသိုလ် ကျောင်းအတွင်းတွင် ကျင်းပသည့်အားလျော်စွာ နည်းပညာ အခြေပြု ခေါင်းစဉ်များကို အထူးပြုဦးစားပေးထားသည် သာမက အခြားဆက်စပ်သော အကြောင်းအရာ များကိုပါ ဆွေးနွေးသွားနိုင်စေရန် စီစဉ်ပေးသွားမည် ဖြစ်သည့်အတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသူ ၊ ကျောင်းသားများနှင့် အသိပညာ အတတ်ပညာလိုလားသူ၊ အတွေးအမြင် ဗဟုသုတလိုလားသူ မည်သူမဆို တက်ရောက်လေ့လာ နိုင်ကြမည်ဖြစ်ပါသည်။   BarCamp ပုံစံမျိုးအပြင် အခြားသော စကားဝိုင်းနှင့် Pannel Discussion ဆန်သော ဆွေးနွေးဝိုင်းမျိုးတွေကိုပါ အဆင်ပြေသလို ပေါင်းစပ်ထည့်သွင်း သွားမှာဖြစ်ပါသည်။ ယခု Camp မှာနည်းပညာ တက္ကသိုလ် (မှော်ဘီ) ကျောင်းသား၊ ကျောင်းသူများ၏ အရည်အချင်း တိုးတက်လာရေးကို အထူးရှေးရှု၍ ကျင်းပခြင်းဖြစ်ပြီး ပွဲအတွင်းတွင် အထူးပြုဆွေးနွေး နိုင်စေရန်အတွက် နည်းပညာ (Technology)၊ စွန့်ဦးတီထွင်(Entrepreneurship)၊ စိတ်ဓာတ်မြှင့်တင်ရေး (Motivation) နှင့် အခြားအကျိုးဖြစ်ထွန်းစေမည့် အကြောင်းအရာများကို ဆွေးနွေးနိုင်စေရန် အထွေထွေ (General) ဟူ၍ ကဏ္ဍကြီးလေးခုကို ဦးစားပေးကာ ပိုင်းခြားထားမည်ဖြစ်ကြောင်း သိရသည်။   ပွဲအတွင်းတွင် အကြောင်း အရာ ခေါင်းစဉ် အခု ၄၀ ခန့်ကို ဆွေးနွေးနိုင်စေရန် စီစဉ်ထားရှိပေးသွား မည်ဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို လွတ်လပ်စွာတက်ရောက်ဆွေးနွေး နားထောင်နိုင်မည့်အပြင် ဆန္ဒရှိပါကလည်း ပွဲနေ့တွင် စာရင်းပေးကာ ကိုယ်တိုင်ဝင်ရောက်၍ ဦးဆောင်ဆွေးနွေးနိုင်မည် ဖြစ်သည်ဟုသိရသည်။ TU(Hmawbi) Camp 2014 ကို စိတ်ပါဝင်စား သူများအနေဖြင့် TU (Hmawbi) Camp ၏ Facebook စာမျက်နှာဖြစ်သည့် www.facebook.com/tuhmawbicamp နှင့် ချိတ်ဆက်၍ သတင်းထုတ်ပြန်ချက်များ၊ အခြားအစီအစဉ်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်မည်ဖြစ်ပြီး တက်ရောက်လိုသူများ၊ စပွန်ဆာအဖြစ် ထောက်ပံ့ကူညီလိုသူများ၊ သတင်းမီဒီယာများနှင့် ပွဲဖြစ်မြောက်ရေး ကူညီလိုသူများအနေဖြင့် သိရှိလိုသည်များကို tuhmawbicamp@gmail.com သို့ ပေးပို့မေးမြန်းနိုင်မည် ဖြစ်ကြောင်းသိရသည်။   ယခု TU (Hmawbi) Camp မှာ နည်းပညာတက္ကသိုလ် (မှော်ဘီ) အနေဖြင့် ပထမဦးဆုံးကျင်းပသည့် ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။ TU (Hmawbi) Camp ဆိုသည်မှာ ပြည်တွင်း၊ ပြည်ပတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနေကြသော BarCamp ပုံစံမျိုးကိုကျောင်းနှင့် ကိုက်ညီအောင် ပြောင်းလဲကျင်းပသော ပွဲဖြစ်ပြီး ယခုကဲ့သို့ ပြောင်းလဲကျင်းပ သည့်အတွက် BarCamp ပုံစံအတိုင်း တထေရာတည်း တူညီမည်မဟုတ်ဘဲ ကျောင်းနှင့်ဆီလျော်အောင် ကျင်းပသွားမည့် Camp တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် နည်းပညာတက္ကသိုလ် (မှော်ဘီ) တွင် ကျင်းပသည့်ပွဲအနေဖြင့် TU (Hmawbi) Camp ဟုခေါ်ဝေါ်ခြင်းဖြစ်ကြောင်း သိရသည်။




ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်


*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏