(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...
Showing posts with label UsbFix v7.810 Full Version. Show all posts
Showing posts with label UsbFix v7.810 Full Version. Show all posts

22 January 2015

USB မှ Virus ၀င်ခြင်းကို ကာကွယ်တားဆီးပေးမယ့် - UsbFix v7.810 Full Version

01/22/2015

http://www.en.usbfix.net/wp-content/uploads/2013/10/usbfix-en.png

(မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျား)

USB နဲ့ပတ်သက်တဲ့ Software တွေအများကြီးရှိပါတယ်။ တော်တော်များများလည်းတင်ပေးထားဖူးပါတယ်။ ဒါပေမယ့် အခုတင်ပေးလိုက်တဲ့ UsbFix ဆိုတဲ့ Software လေးကိုစမ်းသုံးကြည့်လိုက်တာတော်တော်လေး ကိုသဘောကျလို့ သူငယ်ချင်းများလည်းမိမိတို့ရဲ့ ကွန်ပြူတာမှာအသုံးပြုနိုင်အောင် တင်ပေးလိုက်တာပါဗျာ။ မိမိတို့ရဲ့ Computer ထဲကို Virus တွေဝင်နိုင်ဖို့ 90% ဟာ USB (Memory Stick) တွေထဲကနေ၀င်နေ ကြတာပါ။ ဒါကြောင့် Computer တွေထဲမှာလည်း USB မှ Virus ကို Protect လုပ်ပေးနိုင်တဲ့ Software ကို Install လုပ်ထားတက်ကြပါတယ်။ ဒါပေမယ့်လည်း အခြားသော Virus အချို့ကိုတော့ အပြီးတိုင် သတ်ပေး နိုင်ခြင်းမရှိပါဘူး။ အခု UsbFix တော့ Computer ကို Attack လုပ်မယ့် Malware , Trojan , Spyware , Copy of Shortcut , EXE , အပြင်အခြားသော Virus များကို ကွန်ပြူတာနဲ့ USB ချိတ်ဆက်လိုက်ပြီဆိုတာ နဲ့ Auto Run ပြီး Scan ဖတ်ပေးပါလိမ့်မယ်။ Virus တွေ့ပြီဆိုတာနဲ့ သတ်ပြီပေါ့ဗျာ။ ကျွန်တော်ကတော့ USB လို့ပဲသုံးနှုန်လိုက်တာပါ။ USB အပြင် အခြားသော External Device တွေလည်းအကျုံးဝင်ပါတယ်ဗျာ။ ဒါ့အပြင်လည်း အခြားသော Feature သောများစွာပါဝင်ပါသေးတယ်ဗျာ။ အောက်မှာဆက်လက်လေ့လာ နိုင်ပါတယ်ဗျာ။