(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...
Showing posts with label Windows ၏ လျှို့ဝှက်ထား. Show all posts
Showing posts with label Windows ၏ လျှို့ဝှက်ထား. Show all posts

19 December 2014

Windows ၏ လျှို့ဝှက်ထားတဲ့ အချက်အလက်နက်နည်းလမ်းများ

(အားလုံးပဲမင်္ဂလာပါခင်ဗျား)
Windows မှာ Command Prompt သုံးရ ကောင်းမှန်း သိတဲ့သူတွေ အတော်လေးရှားလာပါပြီ။ Command Prompt အကြောင်း သိရင် ပြဿနာအတော်များများကို ဖြေရှင်း နိုင်ပါတယ်။ Windows ကို command ပေး ပြီး ဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြလိုက်ပါတယ်။


ပထမဦးဆုံး Commanc Prompt ကိုဖွင့်နည်း

Command Prompt ကို Command Line လို့လည်းခေါ်တယ်။ Windows 7 နဲ့ Vista ကို သုံးနေသူတွေဆိုရင် Start ကို အရင်သွားပါ။ အောက်ဆုံးနားက Search အကွက်ထဲမှာ cmd လို့ ရိုက်ထည့်လိုက်ပါ။  ထိပ်ဆုံးနားမှာ cmd.exe ဆိုတဲ့ icon ပေါ် လာရင် အဲဒီအပေါ်မှာ right-click လုပ်ပြီး တော့ “Run as administrator” ကို ရွေးလိုက်ပါ။ Windows Command Processor က system ကို ပြောင်းလဲခွင့်ပြုသလားလို့ မေးပါလိမ့်မယ်။ Yes ကို click လုပ်လိုက်ပါ။ ဒီအဆင့်ကတော့ သာမန် user တွေနဲ့ မတူတဲ့ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ command ထဲ ကို ဝင်လိုက်တဲ့သဘောဖြစ်ပါတယ်။
Windows XP ကိုပဲသုံးသူတွေဆိုရင် တော့ Start > Run ကို သွားပြီး cmd ကို ရိုက်ထည့်၊ ပြီးရင် Enter နှိပ်လိုက်တာနဲ့ရပါတယ်။
Command Prompt ကို သုံးရင် တစ်ခုခု ရိုက်ထည့်ပြီးတိုင်း Enter ကို နှိပ်ဖို့ မမေ့ပါနဲ့။