(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

15 August 2014

နိုင်ငံတော် ဝက်ဘ်ဆိုက်များကို ကာကွယ်ရန်

8/15/2014
 အမေရိကန် သမ္မတက Google မှ နည်းပညာရှင် များကို ခေါ်ယူ
အိမ်ဖြူတော်သည် အမေရိကန် အစိုးရ ဝက်ဘ်ဆိုက် များကို နိုင်ငံတကာမှ တိုက်ခိုက် နေသည့် ဒဏ်အား ကာကွယ်ရန် Google မှ နည်းပညာရှင် အဖွဲ့တစ်ဖွဲ့ကို ငှားရမ်း ခဲ့သည်ဟု သြဂုတ်လ ၁၄ ရက်က CNET သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။
15aug8
နိုင်ငံတကာတွင် အစိုးရ ဌာနများ၏ ဝက်ဘ်ဆိုက်များနှင့် ကွန်ယက်များမှာ ဟက်ကာများ၏ ပစ်မှတ်များ ဖြစ်ခဲ့ပြီး မကြာခဏလည်း တိုက်ခိုက်ခံရလေ့ ရှိသည်။ နောက်ဆုံး တိုက်ခိုက်မှု အဖြစ် ရက်ပိုင်း အတွင်းကပင် ရုရှားဝန်ကြီးချုပ် မက်ဗီဒက်၏ တွစ်တာ အကောင့်ကို ဟက်ကာများက ထိန်းချုပ်ကာ ရာထူးမှ နုတ်ထွက်ပြီ ဖြစ်ကြောင်း ဝင်ရောက် ရေးသားခဲ့သေးသည်။
အိုဘားမား အစိုးရ အဖွဲ့က Google ၏ အင်ဂျင်နီယာ တစ်ဦးဖြစ်သူ မိုက်ကီဒစ်ကာဆင် ဦးဆောင်မည့် နည်းပညာရှင် အဖွဲ့အား ခန့်အပ်ကြောင်း သြဂုတ်လ ၁၂ ရက်က ကြေညာ ခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် အစိုးရ ဝက်ဘ်ဆိုက်များ အဆင့် မြှင့်တင်ခြင်းနှင့် နည်းပညာ အခြေခံ အဆောက်အဦများ ပြုပြင်ရန် အတွက် အာရုံ စိုက်မည်ဟု ပြောကြား ခဲ့သည်။

ဒစ်ကာဆင်သည် ယမန်နှစ်က Google က အနားယူ ခဲ့ပြီး အစိုးရ ဝက်ဘ်ဆိုက် ဖြစ်သော Healthcar e.gov အား ပြင်ဆင်မှုများ ပြုလုပ် ပေးခဲ့သူ ဖြစ်သည်။ ယင်းဝက်ဘ်ဆိုက်သည် စတင် ထုတ်လွှင့်သည့် အချိန်မှ စ၍ အမှားအယွင်း များစွာ ဖြစ်ပေါ် ခဲ့ပြီး သမ္မတ အိုဘားမား ကိုယ်တိုက်က လက်မခံ နိုင်စရာ ကိစ္စဟု သတ်မှတ် ခဲ့သည်။ ထို့နောက် ဝက်ဘ်ဆိုက်အား ပြုပြင်ရန် နည်းပညာရှင် အဖွဲကို ခေါ်ယူ ခဲ့ကာ ယင်းအဖွဲ့ ထဲတွင် Dickerson ပါဝင် ခဲ့ခြင်း ဖြစ်သည်။

"ဒီလို အစိုးရ ဝက်ဘ်ဆိုက် တွေကို ကိုင်တွယ်ရမယ့် အခွင့်အရေး ရရှိတဲ့ အတွက် ကျွန်တော် ဝမ်းသာ မိတယ်"ဟု Dickerson က ပြောကြားသည်။ "နည်းပညာ သစ်တွေ အသုံးပြုပြီး ပြည်သူကို ပိုမို အကျိုးပြု နိုင်တဲ့ အစိုးရ ဝက်ဘ်ဆိုက်တွေ ပြုလုပ် သွားနိုင် တော့မယ်"ဟု ၎င်းက ထပ်မံ ပြောကြား ခဲ့သည်။
Ref: CNET
ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး Like လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif