(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

15 August 2014

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၏ e-Banking ဝန်ဆောင်မှု ယနေ့စတင်

  8/15/2014


အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) သည် အင်တာနက်ပေါ်မှတစ်ဆင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည့် e-Banking ဝန်ဆောင်မှုကို ယနေ့ စတင်လိုက်ပြီဖြစ်သည်။Android နှင့် iOS Mobile ထုတ်ကုန် နှစ်ခုစလုံးတွင် အသုံးပြုနိုင်မည့် e-Banking ဝန်ဆောင်မှုကို သုံးစွဲသူများသည် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သို့ သွားရောက်ပြီး ယင်းဝန်ဆောင်မှုကို အသုံးပြုနိုင်မည့် application ကို ထည့်သွင်းရမည်ဖြစ်သည်။ ထို့အပြင် အဆိုပါ app ကို Apple Store နှင့် Google Paly တို့တွင်လည်း အခမဲ့ download ရယူနိုင်ကြောင်းသိရသည်။
အဆိုပါဘဏ်၏ e-Banking ဝန်ဆောင်မှုသည် မိုဘိုင်းဖုန်း အင်တာနက်မှတစ်ဆင့် ငွေလွှဲနိုင်ခြင်း၊ မိုဘိုင်းဖုန်း ဘီလ်များ ထည့်သွင်းနိုင်ခြင်း၊ မိမိဘဏ်စာရင်း၏ လက်ကျန်ငွေများကို အချိန်နှင့်အမျှ စစ်ဆေးမှုများပြုလုပ်နိုင်ခြင်း အစရှိသည့် ဝန်ဆောင်မှုများကို စတင်သုံးစွဲနိုင်မည် ဖြစ်ကြောင်းသိရသည်။ ထို့အပြင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်၏ e-Banking ဝန်ဆောင်မှုသည် နေ့စဉ် နိုင်ငံခြားငွေ လဲလှယ်နှုန်းနှင့် ပတ်သက်သည့် အချက် အလက် များကိုလည်း ထည့်သွင်းပေးသွားမည်ဖြစ်သည်။
ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး Like လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif