(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

19 December 2014

Facebook Graph Search ကို မိုဘိုင်းတွင် အသုံးပြုနိုင်ပြီ

12/19/2014

3

Desktop Computer များအတွက် လွန်ခဲ့သော နှစ်နှစ်နီးပါးက ထည့်သွင်းပေးခဲ့သော ရှာဖွေမှု အင်ဂျင်ဖြစ်သည့် Graph Search ကို ယခုအခါတွင် Facebook iPhone App တွင် လာမည့် ရက်သတ္တပတ် အတွင်းထည့်သွင်းပေးတော့မည်ဟု Facebook က ပြောပါသည်။

Graph Search သည် စွမ်းဆောင်ရည်မြင့်မားသော ရှာဖွေမှု အင်ဂျင်ဖြစ်ပြီး စကားစုများကို တွဲဖက်၍ ရှာဖွေနိုင်ခြင်း ဖြစ်ပါသည်။ Graph Search ဖြင့် မိတ်ဆွေဟောင်းများကို ရှာဖွေနိုင်ခြင်း၊ သူငယ်ချင်း တစ်ယောက် Like ပြုလုပ်ထားသော Page များကို ရှာဖွေနိုင်ခြင်း၊ အထက်တန်းကျောင်းတွင် အတူ တက် ခဲ့သော သူငယ်ချင်းဟောင်းကို ရှာဖွေနိုင်ခြင်း စသည့် ရှုပ်ထွေးသည့် ရှာဖွေမှုများကို လွယ်ကူစွာ ပြုလုပ်နိုင် ပါသည်။

Facebook က Graph Search ကို iPhone App တွင် ထည့်သွင်းပေးသည် သာမက Desktop နှင့် iPhone အတွက် Graph Search တွင် စွမ်းဆောင်ချက် အသစ်တစ်ခုကို ထည့်သွင်းပေးလိုက်ပါသည်။ စွမ်းဆောင် ချက် အသစ်ဖြင့် ပို့စ်များကို ရှာဖွေနိုင်ပြီ ဖြစ်သည်။

ယခင်ကမူ Hawaii ဟု ရိုက်၍ ရှာလျှင် Hawaii နှင့် ပတ်သက်သော Pages နှင့် Apps များကိုသာ ပြသပေး ပါသည်။ ယခုမူ Hawaii ဟု ရိုက်၍ ရှာလျှင် Hawaii စကားလုံး ပါရှိသော သင်ကြည့်ရှုခဲ့သည့် ပို့စ်အားလုံး ကိုပါ ပြသပေးမည် ဖြစ်သည်။

Facebook က Android App တွင် Graph Search ကို မည်သည့်အချိန်တွင် ထည့်သွင်းပေးမည် ကို ကြေညာခြင်းမရှိသေးပါ။

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif