12/19/2014
Desktop Computer များအတွက် လွန်ခဲ့သော နှစ်နှစ်နီးပါးက ထည့်သွင်းပေးခဲ့သော ရှာဖွေမှု အင်ဂျင်ဖြစ်သည့် Graph Search ကို ယခုအခါတွင် Facebook iPhone App တွင် လာမည့် ရက်သတ္တပတ် အတွင်းထည့်သွင်းပေးတော့မည်ဟု Facebook က ပြောပါသည်။
Graph Search သည် စွမ်းဆောင်ရည်မြင့်မားသော ရှာဖွေမှု အင်ဂျင်ဖြစ်ပြီး စကားစုများကို တွဲဖက်၍ ရှာဖွေနိုင်ခြင်း ဖြစ်ပါသည်။ Graph Search ဖြင့် မိတ်ဆွေဟောင်းများကို ရှာဖွေနိုင်ခြင်း၊ သူငယ်ချင်း တစ်ယောက် Like ပြုလုပ်ထားသော Page များကို ရှာဖွေနိုင်ခြင်း၊ အထက်တန်းကျောင်းတွင် အတူ တက် ခဲ့သော သူငယ်ချင်းဟောင်းကို ရှာဖွေနိုင်ခြင်း စသည့် ရှုပ်ထွေးသည့် ရှာဖွေမှုများကို လွယ်ကူစွာ ပြုလုပ်နိုင် ပါသည်။